လူငယ် ပန်းတိုင်

ရွှေနှင်းဆီ

လူငယ် ပန်းတိုင်
ရွှေနှင်းဆီ

48 Plays

08 May 2021

မင်းလျှောက်နေတယ်ဆိုရင်တော့ တစ် နေ့ ရောက် မှာ ပေါ့ ရင်ဆိုင်ရဲတယ်ဆိုတဲ့ အသိနဲ့တင် အရာရာကို ကျော်ဖြတ်သွားပါ အရှုံးဆိုတာ ကိုယ်ကလက်ခံလိုက်မှ တ ကယ် ရှုံး ရ တာပါ အ မှား ဆို တာ လဲ သင်ခန်းစာယူပြီး လှေကားထစ်အဖြစ် ​ရှေ့တက်ပစ်လိုက်ပါ လမ်းမှန်နေတယ်ဆိုပြီး ရပ်ကြည့်မနေပါနဲ့ ကား တက်ကြိတ်ခံရလိမ့်မယ် လမ်းမှန်နေဖို့ လိုသလို ဆက်လျှောက်ဖို့လဲ လိုပာသေးတယ် အကြိမ်ကြိမ် လဲကျရင် , အကြိမ်ကြိမ် ပြန်ထ ကိုယ့်ဒဏ်ရာ ကိုယ်ဆေးထည့်ပြီး ကိုယ်ရည်ရွယ်ရာ ပန်းတိုင်ကိုရောက်ဖို့ ကိုယ်တိုင်ဘဲ လျှောက်ရမှာမဟုတ်လား အမှောင်ထဲ ရောက်တဲ့အခါ ကိုယ့်အရိပ်တောင် ကိုယ့်နားမှာ ရှိမနေဘူး အနားမှာ အမြဲရှိနေမှာ မဟုတ်တဲ့အရာတွေကို အားကိုးတကြီး တွယ်ကပ်နေသရွေ့တော့ ကိုယ်လိုချင်တဲ့ ပန်းတိုင်နဲ့ ​ဝေးသွားရအုံးမှာဘဲ ကိုယ့်လမ်း ကိုယ်လျှောက် ကိုယ့်အား ကိုယ်ကိုး, ကိုယ့်သမိုင်းကိုယ်ရေး ကိုယ့်တာဝန် ကိုယ်ယူပြီးတော့ ကိုယ်ကြိုက်ရာ ကိုယ်လုပ်လိုက်ပါ ​ကောင်းရင် , စံလိုက် မကောင်းရင် , ခံလိုက်ရုံပေါ့ လျှောက်လှမ်းနေတဲ့အခိုက်မှာတော့ အခက်အခဲတွေ အဆင်မပြေတာတွေ ပြဿနာတွေ နာနာကျင်ကျင် ကြေကွဲဝမ်းနည်းရတာတွေ ကြုံရတက်ပါတယ် ဒါပေမယ့် အားတင်းပြီး သွားနေရမှာပဲ ထိုင်ငိုနေလို့ အဆင်ပြေလာမှာ မဟုတ်တဲ့ အခြေအနေမှာ မျက်ရည်ကို ရှေလမ်းအဖြစ် ​ရှေ့ဆက်လျှောက်လိုက်ပါ စိတ်ဓာတ်တွေ ကျမနေပါနဲ့ စိတ်ပျက် အားငယ် မနေပါနဲ့ နာကျင်စရာတွေ ပြန်ပြန် မတွေးပါနဲ့ အကောင်းဆုံးဟာ လက်ရှိအချိန်ဖြစ်ပြီးတော့ အရင်း အနှီး ဆိုတာ ကိုယ့်ရဲ့ ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ ယုံကြည်မူ ရှိဖို့ပါဘဲ လေမုန်တိုင်းကြီးနေပါရဲ့နဲ့ ငှက်ကလေးတွေ မကြောက်လန့်တာဟာ သူ့အတောင်ပံကို သူယုံကြည်လို့ပါ့ ကိုယ့်မှာလဲ ဘယ်လိုဘဲ ကြမ်းတမ်းတဲ့ လောကဓံ တွေရောက်လာခဲ့ပါစေ ယုံကြည်မှုရှိခြင်းဟာ ကြုံလာသမျှလောကဓံကို ရင်ဆိုင်ဖို့အတွက် အကောင်းဆုံး သတ္တိတစ်ခုပါဘဲ ဒါကြောင့် ယုံကြည်မှုနဲ့ လုပ်ပါ ဇွဲလုံ့လ , ဝီရိယနဲ့ ကြိုးစားပါ အရှုံးမပေးဘဲ ဆက်လျှောက်ပါ လျှောက် ပါ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် ဆက် ပြီး တော့ လျှောက် ပါ မင်း လျှောက် နေ တယ် ဆို ရင် တော့ တစ် နေ့ ရောက် မှာ ပေါ့ .။ 12.4.2021(ဘဝစာပေ ) #Crd

1 Comments

Leave a comment

You may also like