cw3

0:00
0:00
cw3

( ၁ ) ဂျပန်လက်ကျန်ဗုံးခွံကို ကျောင်းတက်ခေါင်းလောင်း ပြုလုပ်ထားတဲ့ နိုင်ငံမှာ ကြီးပြင်းလာတယ်.. အမြောက်ဆံ အခွံကို ဘုရားပန်းအိုး ထိုးနေရတဲ့နိုင်ငံမှာ နိုင်ငံမှာ ငါ ကြီးပြင်းလာတယ် ( ၂ ) ကချင်ပြည်နယ်မှာ ယမ်းငွေ့ဝေချိန်ဆို ရှုခင်း သိပ်လှတာ- ရခိုင် ဒုက္ခသည်စခန်းတွေ တိုးချဲ့ရဦးမယ်.. ကရင်နီကလေးတွေ စာမတတ်တဲ့ကိစ္စဟာ သိပ် အရေးမပါဘူး- ဘိန်းစိုက်ဖို့ ဘွဲ့မှ မလိုတာ..    " ပွင့်တဲ့ ပန်းတွေ ရနံ့‌ေတွ မမွှေးမှတော့      ယမ်းနံ့တွေ ကိုပဲ ရဲရဲရှုလိုက်ကြ " ( ၁ ) ဂျပန်လက်ကျန်ဗုံးခွံကို ကျောင်းတက်ခေါင်းလောင်း လုပ်ထားတဲ့ နိုင်ငံမှာ ငါ ကြီးပြင်းလာတယ်.. အမြောက်ဆံအခွံကို ဘုရားပန်းအိုး ထိုးနေရတဲ့နိုင်ငံမှာ လူဖြစ်လာတယ်.. ဒီဖက် စစ်သင်္ချ ိုင်းမှာလည်း ပူပူနွေးနွေးမုဆိုးမနဲ့ နေ့စေ့ လစေ့ဗိုက်ကြီးသည် တွေ ငိုချင်းချကျရ ကောင်လေးကြည့်ရသလောက်- " အဖေ တိုက်ပွဲကျတာကို   စာမေးပွဲကျသလို ပြန်ဖြေခွင့်ရမယ်ထင်နေ     ပုံပဲ" ညည အိပ်ဖက်စရာ အဖေမရှိတော့ဘူး- အားကိုးရာမရှိတဲ့အခါ စစ်သည်ကောင်းတံဆိပ်လည်း တေွလည်း ဖက်ထားလို့မရ ။ ( ၄ ) သွေးချင်းတို့မြေတွေက သွေးစွန်းလို့ပေနေရ- အပစ်အခတ်ရပ်စဲရေး စာချုပ်ဆိုတာ အိမ်သာသုံးစက္ကူစုတ်ပဲ ပြည်တွင်းစစ်ဟာ နာတာရှည်ရောဂါ..တစ်ခုအလား 'တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး' ဆိုပြီး သေနတ်ပြောင်းတွေ ခေါင်းကို ထိုးချိန်ခံနေ ကြ.. အိုးမဲမသုတ်ပဲနဲ့ အိမ်ကြက်ချင်း အားပါးတရခွပ်နေကြ..ဖို့အရေး ခြေပြတ် လက်ပြတ် ဦးခေါင်းပြတ်တွေနဲ့ စစ်သင်္ချိုင်းက လဒတွေဟာ ဇာတ်တူသားစားပြီး ဝဖြိုးလို့ နေဖို့ အရေး။ ( ၅ ) ပြည်တွင်းစစ် ဟာ ဘိုးဘွားပိုင် အမွေအနှစ်တစ်ခုလို အလား ၁နေရာယူ ၂အဆင်သင့် ၃ကျည်ဆံထည့် ၄မောင်းချိန် ၅ဝပ် ၆ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ၇ပစ်နိုင်ပြီ အဲ့ဒီလို လည်နေတဲ့သံသရာထဲ-     " ငါ့အဖေ့ ငယ်ငယ်က တိုက်တဲ့ပွဲ       ငါကြီးတဲ့အထိ ကျည်ဆန်မစဲသေးဘူး " ( ၆ ) ခေတ်ကကြမ်းတယ်-ရမ်းတယ် ငြိမ်းချမ်းရေး ဒီရေတောမစိုက်သရွေ့ စစ်ကမ်းပါး ပြိုနေမှာ ပဲ ပြည်သူဟာ ဘယ်ပထွေးကို အဖေခေါ်ရ မလည်း ဘယ်အဖေကို ကံကြီးထိုက်ရမလဲ? စစ်တစ်ပင် စိုက်လိုက်တိုင်း ဗုံးသီးတွေသီးလို့ သေပန်းတွေ ပွင့်ကြ..အုံမှာ မင်း ရန်သူဟာ- သူ့အမေအတွက် သားတစ်ယောက်ဖြစ်ပြီး သူ့ရန်သူဟာ- မင်းမိခင်ရဲ့သားတစ်ယောက်ဖြစ်တယ် " ဘယ်သူ သေသေ ငတေ မာတဲ့ နိုင်မှာ မမာနိုင်တာ တွေက အမေတွေ "ပဲ ( ၇ ) ဖွတ် မိကျောင်းဖြစ်သွားတာ အကုန်သိတယ်- ထိုင်ငိုနေရုံနဲ့ ဧရာဝတီဟာ ချမ်းသာမလာဘူး- ငြင်းခုံနေရုံနဲ့ ပြည်သူဟာကျန်းမာမလာဘူး.. အမြောက်ဆံအခွံကို ဘုရားပန်းအိုး ထိုးနေရတဲ့နိုင်ငံမှာ ငါ့နေတယ် ဂျပန်လက်ကျန်ဗုံးခွံကို ကျောင်းတက်ခေါင်းလောင်းပြုလုပ်ထားတဲ့ နိုင်ငံမှာ ငါနေတယ်။ ဒီသီးချင်ထဲ မြေမြုပ်မိုင်းပဲ ထည့်မြုပ် မှိုင်းတွေ ထည့်အမြုပ်ထားတယ်။ ( ၈ )   " သင် ၁၈နှစ်ပြည့်ပြီလား     ၁၈နှစ်ပြည့်ပြည့် မပြည့်ပြည့်     တပ်မတော်ရော သောင်းကျန်းသူပါ     သင့်ကို အလိုရှိနေတယ် " _______________________________ ဆန်းကျော်စွာဝင်း credit ပေးပါတယ်ခင်ဗျာ... By Ko Phoe Chit သျှအောင်(ချစ်များစွာ) ဒီဖက် စစ်သင်္ချ ိုင်းမှာလည်း ပူပူနွေးနွေးမုဆိုးမနဲ့ နေ့စေ့လစေ့ဗိုက်ကြီးသည် ငိုချင်းချနေတယ်.. ကောင်လေးကြည့်ရသလောက်- " သူ့အဖေ တိုက်ပွဲကျတာကို   စာမေးပွဲကျသလို ပြန်ဖြေခွင့်ရမယ်ထင်နေ     ပုံပဲ" ကောင်လေးမှာ ညညဖက်အိပ်စရာ အဖေမရှိတော့ဘူး- အားကိုးရာမရှိတဲ့အခါ စစ်သည်ကောင်းတံဆိပ်လည်း ဖက်ထားလို့မရ ။ ( ၄ ) သွေးချင်းတို့မြေတွေက သွေးစွန်းလို့ပေနေရ- အပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတာ အိမ်သာသုံးစက္ကူစုတ်ပဲ ပြည်တွင်းစစ်ဟာ နာတာရှည်ရောဂါ.. 'တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး' ဆိုပြီး သေနတ်ပြောင်းတွေ ခေါင်းကို ထိုးချိန်နေ ကြ.. အိုးမဲမသုတ်ပဲ အိမ်ကြက်ချင်း အားပါးတရခွပ်နေကြ.. ခြေပြတ် လက်ပြတ် ဦးခေါင်းပြတ်တွေနဲ့ စစ်သင်္ချိုင်းကလဒတွေဟာ ဇာတ်တူသားစားပြီး ဝဖြိုးလို့ ။ ( ၅ ) ပြည်တွင်းစစ်ဟာ ဘိုးဘွားပိုင် အမွေအနှစ်တစ်ခုလိုမျိုး- ၁နေရာယူ ၂အဆင်သင့် ၃ကျည်ဆံထည့် ၄မောင်းချိန် ၅ဝပ် ၆ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ၇ပစ်နိုင်ပြီ အဲ့ဒီလို လည်နေတဲ့သံသရာထဲ-     " ငါ့အဖေငယ်ငယ်က တိုက်တဲ့ပွဲ       ငါကြီးတဲ့အထိ ကျည်ဆန်မစဲသေးဘူး " ( ၆ ) ခေတ်ကကြမ်းတယ်- ငြိမ်းချမ်းရေး ဒီရေတောမစိုက်သရွေ့ စစ်ကမ်းပါး ပြိုနေမယ်.. ပြည်သူဟာ ဘယ်ပထွေးကို အဖေခေါ်ရ ဘယ်အဖေကို ကံကြီးထိုက်ရမလဲ? စစ်တစ်ပင် စိုက်လိုက်တိုင်း ဗုံးသီးတွေသီးလို့ သေပန်းတွေ ပွင့်ကြ.. မင်း ရန်သူဟာ- သူ့အမေအတွက် သားတစ်ယောက်ဖြစ်ပြီး သူ့ရန်သူဟာ- မင်းမိခင်ရဲ့သားတစ်ယောက်ဖြစ်တယ် " ဘယ်သူ သေသေ မမာနိုင်တာ အမေတွေ " ( ၇ ) ဖွတ် မိကျောင်းဖြစ်တာသိတယ်- ထိုင်ငိုနေရုံနဲ့ ဧရာဝတီဟာ ချမ်းသာမလာဘူး- ငြင်းခုံနေရုံနဲ့ ပြည်သူဟာကျန်းမာမလာဘူး.. အမြောက်ဆံအခွံကို ဘုရားပန်းအိုး ထိုးနေရတဲ့နိုင်ငံသားမို့.. ဂျပန်လက်ကျန်ဗုံးခွံကို ကျောင်းတက်ခေါင်းလောင်းလုပ်ထားတဲ့ စာသင်ကျောင်းထွက် ကဗျာရေးသူမို့.. ဒီကဗျာထဲ မြေမြုပ်မိုင်းပဲ ထည့်မြုပ်နိုင်တယ်  ။ ( ၈ )   " သင် ၁၈နှစ်ပြည့်ပြီလား     ၁၈နှစ်ပြည့်ပြည့် မပြည့်ပြည့်     တပ်မတော်ရော သောင်းကျန်းသူပါ     သင့်ကို အလိုရှိနေတယ် " _______________________________ ဆန်းကျော်စွာဝင်း credit ပေးပါတယ်ခင်ဗျာ... By Ko Phoe Chit သျှအောင်(ချစ်များစွာ)

1 Comments

Leave a comment

Author
6 years ago

See track description

User avatar
837
Total plays
63
Followers
13
Following

You may also like