Her Hand In The Dream
0:00
0:00
နောက်ဆုံးနှုတ်ဆက်ခြင်းမှာ..... မိုးတိမ်တွေ မဲလို့အုံလိုက်တာများ ကိုယ့်ရင်ဘတ်တောင် ကိုယ်ပြန်မမြင်ရဘူး အလွမ်းတွေလှိုင်လှိုင်ပွင့်ကြလိမ့်မယ်....တဲ့ အဲ့လိုကျိန်ဆဲရင်း...ရထားဟာထွက်သွားတယ် စိတ်ကူးထားတဲ့ သူမလက်ဖဝါးဟာ အတွေးနဲ့ .... လတ်ဆတ်နူးညံနေရုံကလွဲပြီး အိမ်မက်တစ်ခုစာတောင် သူမဘဝမှာနေရာမရခဲ့ အကြောင်းပြချက်တစ်ခုကို တစ်ဘဝစာပေးပြီး ကျွန်တော့်ကို ရင်ကွဲပက်လက်ထားခဲ့လေရဲ့ အနိမ့်အမြင့်လှိုင်းတွေဟာ ကျွန်တော်နဲ့သူမအကြား ကန့်လန့်ုဖြတ်စီးဆင်းခဲ့ ဝေးခဲ့ကြပြီ..... ဝေး..ခဲ့..ကြ..ပြီ ဝေး...ခဲ့...ကြ...ပါ...ပြီ.... ကံကြမ္မာက မြေနိမ့်ရာလိုက်ရှာရင်း ကျွန်တော့်ကိုတွေ့တော့ လှံကိုတအားထိုးစိုက်ပစ် သူမသာ နံနက်ခင်းတစ်ခုဖြစ်မယ်ဆိုရင် ကျွန်တော်ဟာ (ဘယ်သောအခါမှ) နောက်တစ်ကြိမ် နိုးထရလိမ့်မယ် မဟုတ်ဘူး...။
You may also like

Leave a comment
See track description ↑
Write something...