Moe
မိုးတွေရွာတိုင်း... မင်းရောငါ့ကိုလွမ်းနေပါ့မလား မင်းမရှိတော့ငါ့မှာလမ်းတွေပါမှား ဆက်လျှောက်နေဆဲ ယိုင်နဲ့နဲ့ ခြေလှမ်းတွေ အင်အားပြတ်ကာသွားတိုင်းမင်းကိုငါအသေလွမ်းနေ အရက်နဲ့ပဲစိတ်ဖြေရတာပေါ့ ငါ့အသဲတွေကြွေနွမ်းပစေ ဘဝမှာအဆိုးရွားဆုံးပဲ ဒီတခါတိုက်ခတ်တဲ့လေကြမ်းတွေ အနေဝေးလို့သွေးအေးသွားမလား မင်းအတွက်ငါသီချင်းတွေရေးပေးထားတာ ထွက်မသွားပါနဲ့ ဒီကောင်ဆိုးကလေးလေးနားက မင်းထွက်သွားရင်ဆိုတဲ့ငါ့ရဲ့အတွေးလေးခနဟာ မျက်ရည်များစွာ ကျစေနိုင်ခဲ့တယ် မင်းမရှိတော့ရင် ငါ့မှာဘဝသေနိုင်တယ် အရင်ကတော့ငါ့အတွက် မရလေနိုင်တဲ့ မေတ္တာ တွေနဲ့ ငါ့ဘဝကိုမင်းကလှစေနိုသ်ခဲ့သူ အခုတော့ ငါ့မှာ အပြိုပြိုအလဲလဲနဲ့ ပင်ပန်းစွာဖြတ်သန်းရတော့ အသားပါအညိုညိုအမဲမဲနဲ့ သွားပီသေချာတာတေယ့ငါရူးနေပီ မင်းထားခဲ့တဲ့မေတ္တတွေငါ့မှာဆူးနေပီ မထူးလေသည့် ဇာတ်သိမ်းခန်းမှာငါက ဒသလိုဘဝပါ အခုမှနောင်တတချို့နဲ့ဘဝရဲ့ အတက်အကျတို့မလှပါ ဘဝကိုအရှုံးပေးကျောခိုင်းထားတယ် လက်ပြလို့ခနတာ ဘေးနားမှာမင်းမရှိတော့ငါ့ရဲ့မနက်ညတို့မလှပါ လွမ်းတဲ့စိတ်တို့ကမိုးနဲ့အတူသည်းထန်ဆဲ ဘယ်လိုရှေ့ဆက်ရမလဲ ငါ့ရဲ့မနက်ဖြန်ထဲ ဘဝကြီးကိုလဲ ဒီအတိုင်းတော့ ဆက်ရန်မလွယ် တိုက်ခတ်နေတဲ့ လေပြင်းများကခက်ထန်ဆဲ ကံကြမ္မာကြီးကရက်စက်တယ် တကယ်ကိုလက်လန်တယ် လိုင်းပေါ်ကအီစီကလီလေးတွေရဲ့ အချစ်ကခနတာ သာယာဖို့ပါပဲ အခုတော့မင်းနဲ့အတူ တစ်ဘဝစာ ပြန်ပေါင်းဖက်နိုင်ဖို့အတွက် ရည်ရွယ်ထား မိုးစက်တွေက.များ ငါ့အလွမ်းတွေကို ကျီစယ်သလား အောင့်မေ့ရတယ် ဒီတခါတော့ မင်းကို.......လက်ထပ်ဖို့အထိ အတည်တကယ်ပါ အိမ်မက်နဲ့စိတ်ကူးတွေပါ စိန်တွေနဲ့ စီခြယ်ထား ငါ့စကားတွေကို မင်းကရယ်တယ်ဟလား မရယ်ပါနဲ့ ဒါကအတည် ဟာသမဟုတ်ပါ မင်းပျင်းရင်ဆော့ကစားလို့ရမယ့် ငါကအရုပ်ပါ မင်းနဲ့နှိုင်းယှဥ်ရင် ငါ့အတွက်အရာရာ ဘာမှမဟုတ်ပါ ထားလိုက်ပါတော့ အတိတ်ကလူက အခုငါမှမဟုတ်တာ တောင်းပန်တယ်ကွာ မငြင်းလိုက်ပါနဲ့ မင်းငြင်းလဲ မင်းအနားကိုအတင်းလိုက်မှာပဲ
You may also like

Leave a comment
See track description ↑