Decor (16:19)
တစ်ခ်ျို့တွေရဲ့စော်ကားမှူကို ဒီရင်မှာအပြုံးတောင်မပျက်လည်း ဆင်းရဲနဲ့မိသားစုမို့ လူလူချင်းအမုန်းတောင်ဖက်တယ် နှလုံးတောင်ရပ်တယ် အနှိမ်ခံရတဲ့ဘဝလေးမို့ ရှက်ကာအားငယ် မနေချင်လို့ အမေ့ဘေးနားကခနပြေးလို့ ထွက်ခွာသွားတယ် ဈေးပန်းကိုင်တဲ့အမေနေဆိုးတယ် ပေးကမ်းနိုင်တဲ့အခြေနေမျိုးနဲ့ ထားချင်တဲ့အမေ့ရဲ့သားအတွက် ခွန်အားတွေကိုအသေကြေကြိုးဆွဲ ကလေကချေအမျိုးပဲ ကဲ့ရဲ့တဲ့ အသိုင်းဝိုင်းတွေကို အဖြေမှန်ပြမယ် အောင်မြင်တဲ့တစ်နေ့နေ့မှာပေါ့ အရာအားလုံးကိုမြေလှန်ပြမယ် ဖိစီးမှုတွေများလာတဲ့အခါ အလိုလိုသာနွမ်းလျတယ် အားပေးသူမဲ့တဲ့အချိန်တိုင်း အမေ့ကိုသာအမြဲတမ်းတတယ် မှန်းဆရွယ် လက်ဆယ်ဖြာမိုး နေ့စဉ်ဦးခိုက် အမေရှိရာသို့ ရင်ထဲကခံစားချက်တွေ သီချင်းလေးရေးပီးဖြေကြည့်တာဗျို့ အဆင်ပြေအောင်နေနိုင်သော်လည်း တစ်ခါတစ်လေတော့ ချောင်ဝယ်ကပ်တယ် အဝေးရောက်သားတိုင်း ခံစားရတာ အလွမ်းတွေက်ုတော့ရှောင်ရန်ခက်တယ် အကောင်းဆုံးတွေလုပ်ဆောင်သူအတွက် ကြိုးစားမှုကရောင်ပြန်ဟပ်တယ် အဲ့လိုအချိန်ရောက်တဲ့တစ်န့တော့ အိမ်ကိုပြန်ဖို့  အတောင်ပံခတ်မယ်
You may also like

Leave a comment
See track description ↑