Green Leave

BrooklynZoo (23:53)

Green Leave
BrooklynZoo (23:53)

46 Plays

30 Aug 2020

(မမြဲခြင်းတွေဒီကမ္ဘာကြီးထဲမှာ အမြဲတမ်းအဖြစ်နေရာယူထား) 2019ဘဝကြီးကအဖြစ်ဆိုး ပြောင်းလဲသွားတဲ့ကံကြမ္မာကြီးကိုဘယ်တော့မှလဲအပြစ်မဆို ကိုယ်ပြုမိတဲ့ပဲ့တင်သံက ကို့ဆီကိုပဲရောက်မှာပေါ့... ဘောင်မဝင်တော့တဲ့မနက်ဖြန်တွေမှာ စိတ်ဓာတ်တွေပါကျလာရော... အဆိုးပြီးရင်...အကောင်းလာမယ် အကောင်းပြီးရင်...အဆိုးထပ်လာမယ် အဆိုးတွေပဲပိုင်ဆိုင်ထားတဲ့ငါ့အတွက်ကျတော့ အကောင်းကဘယ်မှာလဲ... ရှာဖွေလို့မတွေ့တော့ဘူး... ဘာကိုမှမသိတော့ဘူး... မနက်ဖြန်ဆိုတာရှိနေရင်တောင်ငါ့အတွက် ဆိုတာမဟုတ်တော့ဘူး သေချာတယ်လမ်းပျောက်နေပြီနေသာတဲ့နေ့ရက်တွေမရှိ မှောင်လွန်းတဲ့လောကအလယ်မှာ စမ်းတစ်ဝါးဝါးပဲလမ်းလျှောက်နေမိ ပြန်စလို့မရတဲ့ဘဝအတွက် အမှန်တရားကတစ်ကယ့်ကိုခါးတယ် ပြင်မရတဲ့အမှားတွေများစွာငါ့ဘဝကြီးကိုချုပ်နှောင်ထားသည် ရှောင်ပေမဲ့မလွတ်တော့ဘူး... မှောင်နေတာမလင်းတော့ဘူး... အနာဂတ်ကိုလှမ်းမျှော်ကြည့်ရင် အသက်ရှုရတာမဝတော့ဘူး နောင်တကအားကြီးလာတော့... အနာဂတ်တွေအားနဲလာတယ်... ကြိုးစားပြီးအားတင်းသမျှလဲ ပျက်စီးပြီးလဲပြိုရတယ်... နောက်ဆုံးမှာတော့.... နှလုံးသားကိုပဲဖြူစင်အောင်ထားတယ် ညစ်ပေသွားတဲ့ဘဝတစ်ခုကို ဘယ်လိုအရာတွေနဲ့ပြန်လျှော်ဖွတ်လို့ရမလဲ????

1 Comments

Leave a comment

4 years ago

You may also like