A.I Myanmar

တဖက်သတ်

A.I Myanmar
တဖက်သတ်

170 Plays

06 Jul 2020

တဖက်သတ်သီအိုရီ ----------------------------- သူမှသူဆိုပြီး ချစ်တက်ခဲ့တဲ့   နောက်ပိုင်းမှာ ဘယ်သီအိုရီတွေမှ ကျွန်တော်-----မနှစ်သက်တော့ဘူး သူ့အပြုံးတွေ   အိမ်မက်ထဲထိ အလွတ်ရတယ်။                           ။ ပိုင်းချေနဲ့  ပိုင်းဝေမမျှတဲ့ ပုစ္ဆာတစ်ပုဒ်ကို   ကျွန်တော့်ဘက်က ဒီဇိုင်းလေးတွေ ဆန်ခဲ့ဖူးတယ်လေ သူ့ဘက်က ဆင်တူရိုးမှား    မေးခွန်းတွေကို ကျွန်တော့်ဘက်က----အသွင်တူ     ရိုးသားစွာနဲ့ ဖြေခဲ့မိတယ်လေ ကျွန်တော့်ဘက်ကတော့ အချစ်တွေဟာ    ခမ်းခမ်းနားနားပါပဲ သူ့ဘက်ကတော့   ခါးသီးခြင်းတွေဟာ နာမ်စားပြုပြီး ရလဒ်အကြွင်းဟာ အလွမ်းတွေမှာ    ကြက်ခြေခတ်တယ်။             ။ အောင်မှတ်မရတဲ့ အချစ်သင်ခန်းစာမှာ   ကျရှုံးခြင်းနဲ့ ဒဏ်ရာတွေဟာ   နှစ်ဆတိုး ကိန်းသေဖြစ်တယ်။                            ။ နောက်ဆုံးတော့ အမ်ဆင်း(un. seen)ပုစ္ဆာမှာ တဖက်သတ်    သီအိုရီဟာ သတ်ပုံမှားခဲ့တယ်။                             ။      အောင်ငွေမိုး ကြယ်လေးစိတ်ပုပ် --------------------------- ​ကောင်းကင်ထက်က မှိတ်တုတ်နေတဲ့ ကြယ်လေးတွေကိုကြည့်ရင်း သူ---ကျွန်တော့်အပေါ်    အကြင်နာနဲ့ စိတ်ပုပ်ခဲ့တဲ့    နေ့လေးတွေကို ပြန်သတိရတယ်။                           ။ ကောက်တေးလေးသူ့ကို ညရောက်တိုင်းမှာ   ကျွန်တော်အမြဲပဲ စနောက်ခဲ့တယ် တစ်ခါစိတ်ကောက်ရင်------ တစ်ပတ်ကြာတယ်။                      ။ ကျွန်တော့်ရဲ့ လက်မောင်း  ရင်ဘတ်နဲ့ကျောပြင်ကို သူ့ရဲ့ညှင်သာတဲ့   လက်သီးစုပ်ဖွဖွလေးနဲ့ အသာထုချိန်မှာ ကျွန်တော့်ရဲ့    ကြည်နူးခြင်းဟာ ပင်လယ်ပြင်မှာ    သင်ဖြူးဖျာတစ်ခင်း ဖြစ်ခဲ့တယ်။                                   ။ နွဲ့ဆိုးလေးသူ့ကြောင့် အချစ်နွယ်ကြိုးတွေ    ရင်ထဲမှာ အထပ်ထပ်တိုးရတယ်။               ။ ချစ်စနိုးနဲ့   ခေါ်နေတာကို မကြည်ကောက်သလိုနဲ့ တကယ်အရေးလဲ   မလုပ်တဲ့ သူဟာ----ကျွန်တော့်ရဲ့ ကြယ်လေးစိတ်ပုပ်         အောင်ငွေမိုး

1 Comments

Leave a comment

4 years ago

You may also like